Tuesday 27 November 2012

နိယာမအမှား


နင့်အတွက်
မိဘတွေ မကြည်ဖြူ
သူငယ်ချင်းတွေ ငြူစူလည်း
လူတစ်ကာကို ဆန့်ကျင်ပြီး
ငါဖြည့်ဆီးပေးခဲ့တယ်။
နင့်အတွက်
ပေါ့ပေါ့တန်တန်ထားတဲ့ အရာတွေဟာ
ငါ့အတွက်တော့
တကယ့်ကို
လေးနက်စေခဲ့တာပါ။
မချစ်ဖူးသေးတဲ့
ငါ့.. နှလုံးသားကို
နင်ပဲ

ချစ်တတ်အောင် သင်ပေးခဲ့တယ်။
မလွမ်းဖူးသေးတဲ့
ငါ့စိတ်တွေကို
နင်ပဲ
လွမ်းတတ်အောင် သင်ပေးခဲ့ပြန်တယ်။
ပြီးတော့လည်း
နင်ပဲ
လှည့်မကြည့်စတမ်း
ထွက်သွားခဲ့ပြန်တယ်။
ငါ့မာနတွေ ဘေးဖယ်လို့
နင့်ကို
လှမ်းခေါ်ခဲ့ဖူးတယ်။
”တစ်ခုလိုချင် နှစ်ခုပေး“...တဲ့
နင်ကြားဖူးမှာပါ
နင့်တစ်ယောက်တည်းအတွက်
ငါ့အချစ်တွေ
စကြာဝဠာကြီးလောက် ပေးခဲ့ပေမယ့်
ငါ့အတွက်
နင့်အချစ်တွေ
ပဲနိဝက်လောက်မှ
ပြန်မရခဲ့တာ
နယူတန်ရဲ့ နိယာမ
မှားယွင်းခဲ့လို့များလားကွယ်..

ခင်မင်လေးစားစွာဖြင့်
စောနန်းဒေဝီ

No comments:

Post a Comment