Saturday 8 December 2012

စော၏အိမ်


 စောအမေက စောကို ယောက်ျားမယူရဘူးတဲ့။ စောသူငယ်ချင်းကောင်မလေးတွေ လာလည်ရင်လည်းယောက်ျားမယူဘဲ
နောက်ဆို အိမ်တစ်အိမ်မှာ စုနေကြပါလား အပျိုကြီးတွေ အချင်းချင်း ဖေးဖေးမမနဲ့ပေါ့တဲ့။မနေ့က စောသူငယ်ချင်းတွေ လာ
လို့ မုန့်ဆိုင်သွားထိုင်ရင်း ဒီအကြောင်းဆွေးနွေးခဲ့ကြသေးတယ်။
 စောအိမ်လေးမှာ မဖြစ်မနေ လုပ်ချင်တာတော့ အင်တာနက်လိုင်း ချိတ်ထားဖို့ပါ။ဘောလုံးပွဲ ကြည့်ချင်တဲ့ ဆရာမမီးလေးက
တော့ တစ်ယောက်တစ်မျိုး စားချင်တဲ့ ဟင်းတွေ သူကျောင်းပိတ်ရက်မှာ ချက်ကျွေးမယ်ဆိုပဲ...။အာကြီး အားပေးတဲ့စောနဲ့

လီဗာပူးပရိတ်သတ် မီးလေးတို့ စကားစစ်ခင်းကြမယ်လေ တစ်ခါတစ်ခါ..မန်ယူပရိတ်သတ် နောက်ဆရာမတစ်ယောက်
လှိုင်းမိုးညိုလည်း ပါသေးတာပေါ့။မယ်မိုးညိုက ဆရာမပီပီ အတော်ဆရာလုပ်တတ်တယ်။ စောကလွဲရင် ကျန်တဲ့သူတွေနဲ့
ခဏခဏ ရန်ဖြစ်မလားပဲ။လမ်းသွားရင်လေ မျက်နှာကိုက မော့မော့ မော့မော့နဲ့ ဆရာမကြီးဒီဇိုင်း။ ဒီဘောမမတွေ အဲအဲ
ဘောလုံးပွဲကြိုက်တဲ့မမတွေ အတွက် စလောင်းသပ်သပ်ဝယ်လိုက်မယ်လေ။
  ထမင်းဟင်းချက်တာ စိတ်မဝင်စားတဲ့ စောအတွက် လက်ထဲမှာ ငွေကိုင်ထားရမှ စားဝင်အိပ်ပျော်တဲ့ မီးမီးသူက စောအိမ်မှ
လာနေသမျှသူတွေရဲ့ငွေတွေ အကုန်အပ်ရမယ် ကျန်တာသူစီစဉ်ပေးမယ်ဆိုပဲ။ငွေတော့ အကုန်အပ်လို့ဘယ်ဖြစ်မလဲလေနော်။
စောသုံးဖို့ နဲနဲတော့ ဘတ်ထားရဦးမှာပေါ့ :D:D:D
  အလုပ်ကို မြန်မြန်လုပ်ပြီး မြန်မြန်နားချင်တဲ့ စောသူငယ်ချင်း ဇာဂျစ်ကတော့ အိမ်သန့်ရှင်းရေးလုပ်မယ်ဆိုပဲ။ဒါတော့ စောနဲနဲ
ကူမယ်လေ..တော်ကြာ စောကို ဘာမှမလုပ်ပဲ အငြိမ့်သားထိုင်စားနေတယ် ပြောမှာစိုးလို့နော် ဟိဟိ။ မဇာဂျစ်က သန့်ရှင်းရေး
လည်းပြီးရော အွန်လိုင်းပေါ်လည်း တက်ရောနေမှာ..တစ်နေကုန်များချက်နေမလား မသိဘူး။ဒါကြောင့် ဂျစ်စုတ်စုတ်နိုင်တဲ့အခါ
ဇာဂျစ်လို့ခေါ်ပြီး တစ်ခါတစ်ခါ ဇာချက်လို့ခေါ်တယ်လေ။
  ပြီးတော့ ဆံပင်တွေ ကောက်လိုက် ဖြောင့်လိုက်နဲ့ ဆေးကုမ္မဏီက လဲ့ရည်လည်း ပါသေးတယ်။ကလေးမချစ်တတ်ပေမယ့်
ကြောင်အရမ်းချစ်တတ်။သူလာရင်တော့ သူ့ကြောင်တွေ ပါလာတော့မှာ ။ဒါဆို စောတော့ သေပြီဆရာ။ စောထမင်းစားနေတုန်း
တညှောင်ညှောင် လာအော်ရင်တော့ စော ထ ကန်မိမယ်ထင်တယ်။စောငယ်ငယ်က စောအဖိုးပြောတာ ကြားဖူးတယ်။ကြောင်ဆို
တဲ့ကောင်ကို လူတွေ ထမင်းမစားခင်အရင်ကျွေး ခွေးကိုတော့ စားပြီးမှကျွေးတဲပါတဲ့လေ။ စော ဒီနည်းကို ကျင့်ချင်ပေမယ့်
တစ်ချို့ ကြောင်တွေက အကျင့်မကောင်းဘူး ကျွေးရက်နဲ့လာလာအော်တတ်သေးတာ :(:(:(
  စောကတော့ တရိ စ္ဆာန်တွေထဲမှာ ခွေးပဲချစ်တာ။ဒါတောင် မလောက်လေး မလောက်စား သေးသေးလေးတွေ မချစ်ဘူး။
ဒိုဘာမင်လို အမိန့်နာခံပြီး တည်တည်ခန့်ခန့် နေတတ်တဲ့ခွေးမျိုးမှ ချစ်တာ...
  ဈေးရောင်းတာ စိတ်ဝင်စားပြီး လူမှုဆက်ဆံရေးကြေညက်တဲ့ စောသူငယ်ချင်း စုတ်ချီးလည်းရှိသေးတယ်။ သူကတော့ဖုန်း
တစ်လုံးရှိရင် အဆင်ပြေတယ်ဆိုပဲ။ စောသူငယ်ချင်းကောင်လေးတွေက သူ့ကိုစွာလို့ဆိုပြီး စုတ်ချီးလို့ နာမည်ပေးထားပေမယ့်
လူကတော့ အလန်ဇယားနော် ညိုချောလေးဆရာ။တစ်ယောက်ဆို တစ်ယောက် ၊ပိတောက်ဆို ပိတောက် သူနဲ့ကျမှ (၇)ယောက်
မြောက်ဆိုတဲ့ ဘဲဘဲရှိရဲ့သားနဲ့ စောရဲ့အိမ်ကို သူကစိတ်ဝင်စားနေသေးတာ ။ရပါတယ်...လာနေပါစေ။ သူ့ကိုဖုန်းပြောခိုင်းမယ်။
စောကို ဖုန်းနံပါတ်တောင်းတောင်းနေတဲ့ ဂျီတော့က ကိုကိုတွေ မောင်မောင်တွေနဲ့လေ  :P:P:P
    ရွှေဆိုင်ပိုင်ရှင် မမချောစုက သူ့ကိုလဲခေါ်ရမယ်ဆိုလို့ နေခိုင်းလိုက်ဦးမယ်..ဟိ
  ရုံးအလုပ် လုပ်နေတဲ့ စောသူငယ်ချင်းဝေဝေဆိုတာ ရှိသေးတယ်။စောတို့မြို့ကို ရအောင်ပြန်ပြောင်းခိုင်းပြီး စောအိမ်မှာ
နေခိုင်းမယ်လေ။ သူက စောထက် ဟာသတွေ ပိုပြောတတ်တော့ စောရဲ့အိမ်လေး ပိုစည်ကားမှာပေါ့။
  ပေ၈၀ပတ်လည် ရှိတဲ့မြေကွက်တစ်ခုဝယ်မယ်။ခြံထဲမှာ ပန်းခင်းလေးလည်းပါဦးမယ်။ကားတွေ ဆိုင်ကယ်တွေ ထည့်ဖို့ ဂိုထောင်
ခပ်ကြီးကြီးတစ်လုံးရယ်၊နှစ်ထပ်အာစီတိုက် ခပ်ကြီးကြီးရယ် ၊ခြံထဲမှာ မွေးနေ့တွေ ပါတီတွေ လုပ်ဖို့နေရာလည်း ချန်ရဦးမယ်။
တစ်ခါတစ်ခါ စော ဘိုင်ပြတ်တဲ့ စောမွေးနေ့ ဆိုရင် စောနဲ့တစ်ရက်တည်း မွေးပြီး စောထက် (၅)နာရီပဲ ငယ်ပေမယ့် အတော်
အငယ်လုပ်ချင်တဲ့ စောသူငယ်ချင်းကောင်လေး နဲ့ မွေးနေ့စပ်တူကျင်းပပြီး ရတဲ့လက်ဆောင်တွေကို စောကအကြီးဆိုတော့ စောပဲ
အကုန်သိမ်းထားလိုက်မယ်လေ မကောင်းဘူးလား :):):)
  ရုံးသမားကရုံးသွား၊ကျောင်းဆရာမတွေကကျောင်းသွား၊ ဆိုင်ဖွင့်တဲ့သူက ဈေးသွား၊ဆေးကုမ္မဏီက ဆေးဖြန့်သွားမယ်။
ကျန်ခဲ့တဲ့ရယ်၊ ဇာဂျစ်ရယ် ၊စောရယ်က အလုပ်မရှိတော့ ကိုယ်လည်း အင်တာနက်သုံးနေတဲ့ အတူတူ အောက်ထပ်မှာ
အင်တာနက်ဆိုင်လေး ဖွင့်မယ်လေ။ဆိုင်နာမည်က စောနန်းဒေဝီပေါ့။ငွေကိုင်ချင်တဲ့မီးမီးသူကို ကောင်တာထိုင်ခိုင်းမယ်။
ဒေါ်ဇာနဲ့ စောကတော့ ဆိုင်ထဲမှာ တောက်တိုမယ်ရပေါ့။ဒါဆို အားတိုင်း အင်တာနက်သုံးနေတဲ့ မQလဲ့ရည် လည်းအဆင်ပြေ
သွားရောပေါ့။
  သြော် ပြောရဦးမယ်။ စောထားတဲ့ပစ္စည်းတွေကို ဟိုဟိုဒီဒီ ရွှေ့တာ ကိုင်တာမကြိုက်တတ်သော၊အနားမှာ တစ်ယောက်ယောက်
ရှိနေရင် အိပ်မပျော်တတ်သော စောကတော့ အခန်းတစ်ခန်း အပိုင်စီးထားပြီး ကျန်တဲ့သူတွေကို (၂)ယောက်တစ်ခန်းနေခိုင်းလိုက်
မယ်လေ :)))))
  စောအဖေ အမြဲပြောနေကြ စကားတစ်ခွန်းရှိတယ်။ "စိတ်ကူးလား? ကောင်းမှုတော်ကြီး ထက်မငယ်စေနဲ့ သမီး"တဲ့။
  စောတို့ သူငယ်ချင်းတွေ တစ်ယောက်တစ်မျိုး အကြိုက်ချင်းမတူ စရိုက်ချင်းမတူကြပါဘူး။ ဒါပေမယ့် တူနေတာတစ်ချက်

ရှိပါတယ်။စောတို့တွေ ပေါက်တတ်ကရ လျှောက်ပြောတတ်ပြီး အော်ကြီးဟစ်ကျယ် ရီတတ်တာပါ။သြော် နောက်တစ်ခုရှိသေးတယ်။
အပျိုကြီးဖြစ်နိုင်ကြတာချင်းလေ :D:D:D

No comments:

Post a Comment