Monday 9 September 2013

ညီမလေးသို့ တမ်းချင်း

ညီမလေးသို့ တမ်းချင်း
ဝေလီဝေလင်းအတွေးတွေထဲ နှင်းဆီရနံ့ပြင်းတဲ့ညီမငယ်အလည်လာတယ် ငါနဲ့ငါ့အတွေးဆီကိုလာလာငေးနေသလား ၀င်ခွင့်တောင်းစရာမလိုပါဘူးလေ....။
ငါသိပါတယ်...ဘ၀က ဘ၀ကိုပြန်ခေါ်တယ်
တခုတ်တရ ..သတိရခြင်းတွေနဲ့ 
ကြယ်စုံသစ်ပင်မပျိုးချင်တဲ့လူတစ်ယောက်ဆီ
တမင်ရည်ရွယ်ပြီးမှဝင်လာနေသလားနော်
ကြိုတင်မပြင်ဆင်ထားခဲ့တဲ့...ငါ့ယုံကြည်ခြင်းမှာ
လူမှုဆက်ဆံရေးတွေထက်....ညီမငယ်ကနေရာယူနေပြီ..။။
ကိုတစ်ကယ်မထင်မိဘူး
ညီမလေး စိတ်ဆိုးတဲ့ နေ့က တိမ်တွေ အုံ့မှိုင်းနေခဲ့တယ်။ တစ်ခါတစ်လေတော့ ဒိုင်ယာရီ...စာမျက်နှာတွေက ပျော်စရာတွေကို..ဖန်တီးတက်ခဲ့ရင် တွန့်ကြေနေတဲ့..သံယောဇဉ်အဖြူရောင်မှာ ပန်းနုရောင်မျက်နှာလေးနဲ့ ....ညီမငယ်ရေ ငါနဲ့ ရေး...ငါ့ရင်ဘက်နဲ့သီဖွဲ့တဲ့ ..ဒီကဗျာကို မနက်ဖြန်မှာပြန်လည်....ဖတ်ခွင့်ပေးပါနော်..။။
                  အဲ့ကိစ္စနဲ့ ပက်သက်ပြီး...
      စာခေါက်လေးကကျန်နေသေးလို့ ....ယုံနှိုင်ပါ့မလား
ညီမလေး စိတ်ဆိုးတဲ့ နေ့က သောက်နေကျ...ကော်ဖီတောင်အေးစက်ခဲ့ရတယ်..။။
နေလင်းဖြိုး♥♥♥
 

No comments:

Post a Comment