Friday 14 December 2012

အထီးကျန်ခြင်း


ခွဲခွာစဉ်ခဏက
ဖြေသိမ့်တွေးပြီး
ငါ------
ပျော်ရွှင်အောင်နေကြည့်ဖူးတယ်။
အစကတော့
မသိသာလှပေမယ့်
သွားအတူစားအတူနဲ့
နေ့စဉ်လိုလို
တွေ့နေကြသူတွေဆိုတော့
ကျန်နေခဲ့တဲ့---ငါ့မှာ
ယောင်ချာချာနဲ့ပေါ့။
ညနေခင်းတွေမှာ
နင်နဲ့အတူထိုင်ရင်း
ငါသောက်နေကြ
ရွှေလင်းယုန်က
ပေါ့ဆိမ့်တစ်ခွက်ကိုလည်း
ငါ------
မသောက်ချင်တော့ဘူး။
လယ်ကွင်းတွေ
ငှက်တွေ
စိန်ပန်းပင်တွေ
တောင်တန်းတွေနဲ့အတူ
ပေါင်းစပ်ထားတဲ့
နေဝင်ချိန်တွေကိုလည်း
ငါ--------
မကြည့်ချင်တော့ဘူး။
လေပြေညင်းကလေးရယ်
ငါ့ရဲ့--------
အထီးကျန်စိတ်ဝိညာဉ်တွေ
လွင့်ပါသွားအောင်
ခပ်ပြင်းပြင်းလေး
တိုက်လိုက်စမ်းပါကွယ်။


စောနန်းဒေဝီ

2 comments:

  1. လေပြေညင်းကလေးရယ်
    ငါ့ရဲ့
    အထီးကျန် စိတ်ဝိဥာဉ်တွေ
    လွင့်ပါသွားအောင်
    ခပ်ပြင်းပြင်းလေး
    တိုက်လိုက်စမ်းပါကွယ် ။

    ထိရှခဲ့ရတဲ့ ကဗျာလေးပါ ညီမလေး ။

    ReplyDelete
  2. အထီးကျန်ခြင်းတွေအဖော်မမဲ့အောင် လာရောက်လည်ပတ်အားပေးသွားပါတယ်

    ခင်မင်လျှက်

    မဒမ်ကိုး

    ReplyDelete