Saturday 8 December 2012

ချစ်သူသို့

မိုးတွေညို့ရင်
လွမ်းအားပိုလို့
မျှော်ရဇောနဲ့
မောလှပေါ့ ချစ်သူရယ်။
ဝေးမြေရပ်ခြားမှာ
ပျော်ရွှင်စရာ
အသစ်အဆန်းများနဲ့တွေ့လို့
တို့ကို မေ့နေတာလားကွယ်။
ဒီကောင်မလေးတစ်ယောက်
မျှော်နေမှာ သိရက်နဲ့
ပြန်မလာ သတင်းမကြား
နေစိမ့်နိုင်လွန်းတယ်။
ချစ်သူရေ
မင်းကို
လွမ်း.......တမ်းတစွာ
မျှော်နေမိတဲ့
တို့ စိတ်တွေကို
အပိုင်းပိုင်း ခုတ်ထစ်
အပူချိန် ဒီဂရီ (၁၀၀၀၀)အားနဲ့
လောင်ကျွမ်းစေပြီး
ကျသွားတဲ့ ပြာတွေကို
နေရဉ္စရာချောင်းရေထဲ
မျှောလိုက်ချင်ပါရဲ့။
အားပေးမှုကို ကျေးဇူးတင်ပါတယ်။
စောနန်းဒေဝီ

1 comment:

  1. ဆွတ်ဆွတ်ကျင်ကျင် ကဗျာလေးကို

    ဝင်ရောက် ခံစားခဲ့ပါတယ် ညီမလေးရေ.....

    ReplyDelete