Monday 10 December 2012

အဲ့ဒါ အွန်လိုင်း


အွန်လိုင်းတဲ့
အဖြူရောင် သူငယ်ချင်းတွေ
အဖြူရောင် အစ်ကိုတွေအဖြူရောင် အစ်မတွေ
အဖြူရောင် ညီမလေးတွေ
အဖြူရောင် မောင်လေးတွေ
ရခဲ့ဖူးပြန်တယ်။အွန်လိုင်းတဲ့
လူလယ်ခေါင်မှာ
သူတို့တွေ အကြောင်းတွေးလို့

အရူးလိုလည်း
ပြုံးမိခဲ့ဖူးပြန်တယ်။အွန်လိုင်းတဲ့
မနက်ဖြန်ဆိုတဲ့
အတွေးတွေ တွေးလို့
တစ်ခါတစ်လေလည်း
ကဗျာတွေရေးလို့
အိပ်စက်ခြင်းတွေ
ခိုးယူသွားခဲ့ဖူးပြန်တယ်။အွန်လိုင်းတဲ့
ငါ့ရင် အဖြူရောင်ကိုခါးသိးခြင်းတွေ
ပျော်ရွှင်ခြင်းတွေ
လွမ်းဆွတ် တမ်းတခြင်းတွေနဲ့
တနင့်တပိုး ခံစားချက်တွေ
ပေးခဲ့ဖူးပြန်တယ်။

အွန်လိုင်းတဲ့
ငါ့စိတ် အဖြူရောင်ကိုစုတ်ချက်ကြမ်းကြမ်းနဲ့
ဆေးရောင်စုံအောင်
ရေးချယ်ခဲ့ဖူးပြန်တယ်။

ဟုတ်ကဲ့..........
အွန်လိုင်းပါတဲ့ရှင်
အဖြူရောင်တွေကိုလည်းစွန်းထင်းစေတတ်ခဲ့ပြန်ပါတယ်။

စောနန်းဒေဝီ

No comments:

Post a Comment