Tuesday, 10 September 2013

ချစ်သော အတူး သို့

မျှော်လင့်ရက်တွေ ကြာရှည်
တမ်းတမိတာက နေ့စဉ်ရက်ဆက်
မတွေ့ဖြစ်တော့ စိတ်မှာမှန်းလို့
လွမ်းရပါတယ် အတူးရယ်

ဘဝတစ်ခုလုံးအတွက် ရည်စူးလို့
ထူးခြားဖြစ်စဉ်တွေနဲ့
အခြေအနေ အရပ်ရပ် ငါမှတ်သားဖို့
သိချင်ပါတယ် အတူးရယ်

အတူးလာမယ်ဆိုလို့
လမ်းမထက်က ထွက်ထွက်မျှော်
နေဝင်လို့သာ မိုးချုပ်
ဒီမှာတော့ ရင်မောပါ ပြီ အတူးရယ်

ချစ်မိသွားပြီ ဆိုတဲ့ အတွေးနောက်က
အလွမ်းလို့ ကပ်ပါလာတိုင်း
မျက်ရည်ဝိုင်းလို့
အရမ်းချစ်လို့ အရမ်းလွမ်းတယ် အတူးရယ်

ပစ်ထားရက်တယ်လို့ မငြူစူပါ
မေ့နိုင်ရက်တယ်လို့လဲ မပြောအားပါ
မလှမ်းလာနိုင်တာကိုလဲ အပြစ်မဆို
ဘာတွေဖြစ်ဖြစ် အစဉ်ထာဝရ ခွင့်လွှတ်တယ်.. နော် အတူး

 စောနန်းဒေဝီ
10.9.2013  7 PM


Monday, 9 September 2013

ညီမလေးသို့ တမ်းချင်း

ညီမလေးသို့ တမ်းချင်း
ဝေလီဝေလင်းအတွေးတွေထဲ နှင်းဆီရနံ့ပြင်းတဲ့ညီမငယ်အလည်လာတယ် ငါနဲ့ငါ့အတွေးဆီကိုလာလာငေးနေသလား ၀င်ခွင့်တောင်းစရာမလိုပါဘူးလေ....။

Friday, 14 December 2012

အထီးကျန်ခြင်း


ခွဲခွာစဉ်ခဏက
ဖြေသိမ့်တွေးပြီး
ငါ------