Monday 10 December 2012

~ * လမင်း ချစ်သက်သေပါ * ~


လွမ်းရတဲ့အကြောင်းတွေ ညွှန်းဖွဲ့ဆိုမိ

လဝန်းထက်မှာ မင်းမျက်နှာ

ခုနှစ်စဉ်ကြယ် အမှီးထောင်တဲ့

ဥာဥ့်သန်းခေါင်မှာ

လွမ်းရတဲ့ အကြောင်းတွေ

လမင်းကြီးကို ပြောပါရစေ


ကြယ်ကလေးတွေက

မှုန်တစ်ခါ လင်းတလှည့်နဲ့

အိပ်စက်မရနှိင်သေးတဲ့ ငါ့ကို

ရယ်မောလို့ နေသလားကွယ်

မရယ်ပါနဲ့ ကြယ်ကလေးရယ်

တကယ်တော့

ရင်တွင်းမှာ လွမ်းတော့ဆိုလို့

ငါ့ရင်ဟာ ငိုနေတာပါ .....

လွမ်းရတဲ့ အကြောင်းတွေ

လမင်းကြီးကို ပြောပါရစေ

ရွှေလသာတဲ့ညမှာ

မင်း
လမင်းကြီးကို မေးကြည့်ပါ

သီဖွဲ့ထားတဲ့

ချစ်တဲ့အကြောင်းတွေ အခွင့်ကြုံလာတဲ့အခါ

မင်း

ဲမြင်ခွင့်ရမှာပါ...

တကယ်လို့ပေါ့

အခွင့်မကြုံ အခါမသင့်လို့

မင်း
မြင်ခွင့်မရရင်လည်း

ရှိပါစေတော့

ရင်ထဲမှာရှိတဲ့

မင်းပုံရိပ်

အခါခါကြည့်လို့

လွမ်းခွင့်လေးတော့ပေးပါ ..။


စောနန်းဒေဝီ

No comments:

Post a Comment