Tuesday 27 November 2012

ကို မရှိတော့ဘူး ဆိုရင်


စော နေမကောင်းတဲ့အခါ
ပူပူပင်ပင်နဲ့
ဆေးသောက်ဖို့
သတိပေးတတ်တဲ့
ကို မရှိတော့ရင်
စော ဝမ်းနည်းတဲ့အခါ
စိတ်ပျော်စေဖို့
ဟာသတွေ ပြောပေးတတ်တဲ့

ကို မရှိတော့ရင်
စော လိုင်းပေါ်က
လူတွေနဲ့ ရန်ဖြစ်တဲ့အခါ
ကူစိတ်ဆိုးပေးမယ့်
ကို မရှိတော့ရင်
စော ဆော့သမျှ
Facebook Game တွေ
ကူဆော့ပေးမယ့်
ကိုကို မရှိတော့ရင်
စော အခက်အခဲတွေကြုံတိုင်း
အကြံဥာဏ် ပေးတတ်တဲ့
ကို မရှိတော့ရင်
စော မသိတဲ့
အွန်လိုင်းပေါ်က
အထူးအဆန်းတွေ
ပို့ပေးတတ်တဲ့
ကို မရှိတော့ရင်
စော သဘောကျတတ်တဲ့
အင်္ကျီလှလှလေးတွေ
ပို့ပေးတတ်တဲ့
ကို မရှိတော့ရင်
စော ရေးသမျှကဗျာတွေ
ဝေဖန်ပေးမယ့်
ကို မရှိတော့ရင်
စော နားထောင်ဖို့
သီချင်းအေးအေးလေးတွေ
ပို့ပေးတတ်တဲ့
ကို မရှိတော့ရင်
စော အိပ်မပျော်တဲ့
ညဥ့်နက် သန်းခေါင်မှာ
ဖုန်းဆက်တဲ့အခါ
သီချင်းဆိုပြမယ့်
ကို မရှိတော့ရင်
တကယ်များ...
တကယ်လို့များပေါ့ ကိုရယ်
ကိုသာ စော ဘေးမှာ
နေမပေးတော့ဘူးဆိုရင်လေ
စောရင်ခွင်ဟာ
ကန္တာရလို ခြောက်သွေ့
မျှော်လင့်ခြင်းတွေ
အရောင်အဆင်းမဲ့လို့
ရှိရှိသမျှ သံစဉ်တွေ ဆိတ်သုန်း
ပန်းပွင့်တို့ ညှိုးရော်ကာ
စော ကမ္ဘာတစ်ခုလုံး
ပျက်သုန်း သွားရပါလိမ့်မယ် ကိုရယ်


......................
ခင်မင်လေးစားစွာဖြင့်
စောနန်းဒေဝီ

1 comment:

  1. ရင်နဲ့ရင်းပြီး မွေးဖွားလာတဲ့ ကဗျာလေးကို

    မျှဝေခံစားခဲ့ပါတယ် ညီမလေး ။

    ဆက်လက်ထုဆစ်နိုင်ပါစေ ။

    ReplyDelete