Monday 10 December 2012

သူနဲ့အတူ


သူနဲ့အတူ
မိုးရေတွေထဲ
လမ်းလျှောက်ဖူးတယ်။
သူနဲ့အတူ
သရက်သီးသုပ်
စပ်စပ်တွေစားဖူးတယ်။
သူနဲ့အတူ
မြို့ပြင်က စိန်ပန်းပင်တန်းမှာ
စကားထိုင်ပြောဖူးတယ်။
သူနဲ့အတူ
နေညိုညို ညနေခင်းတွေ
ငေးကြည့်ဖူးတယ်။
သူနဲ့အတူ

စက်ဘီးတွေ
တူတူ နင်းဖူးတယ်။
သူပေးတဲ့
ပိတောက်ပန်းလည်း
ရဖူးတယ်။
တို့ပေးတဲ့
အကျီင်္အစိမ်းလေးလည်း
သူဝတ်ဖူးတယ်။

စောနန်းဒေဝီ
.......................................................

သူငယ်ချင်းတစ်ယောက် ဆုံးသွားလို့ သူ့အကြောင်းတွေးရင်း ရေးမိရေးရာပေါ့
ကဗျာလား ဘာလားတော့ ပြောတတ်တော့ဘူးနော်။
စိတ်ထဲရှိတာတွေ ချရေးသွားတာ။

No comments:

Post a Comment