Friday 14 December 2012

စိုးမိပါတယ် ကိုစိုးလေးရယ်


ကဗျာတွေ မရေးခိုင်းပါနဲ့
ကိုစိုးလေးရယ်
စာရင်း ဇယားတွေနဲ့
ရှုပ်နေတဲ့ စိတ်တွေနဲ့
ရေးမယ့် ကဗျာက
ကိန်းဂဏန်းတွေရဲ့
အငွေ့အသက်တွေ ပါလာမှာလည်း
စိုးမိပါတယ်။
ကဗျာတွေ မရေးခိုင်းပါနဲ့

ကိုစိုးလေးရယ်
ဂိမ်းတွေဆော့ရင်း
မအားတဲ့လက်တွေနဲ့
ရေးမယ့် ကဗျာက
နိုင်လိုခြင်းရဲ့
အငွေ့အသက်တွေ ပါလာမှာလည်း
စိုးမိပါတယ်။
ကဗျာတွေ မရေးခိုင်းပါနဲ့
ကိုစိုးလေးရယ်
အငှားခံစားချက်တွေနဲ့
ရေးမယ့် ကဗျာက
အေးစက်ခြင်းရဲ့
အငွေ့အသက်တွေ ပါလာမှာလည်း
စိုးမိပါတယ်။
............................................................................
www.koyinmaung.co.cc  မှ ကိုရင်မောင်အတွက်

စောနန်းဒေဝီ

No comments:

Post a Comment