Sunday 25 November 2012

မှော်ဝတ်ရုံနဲ့ ငါ့ချစ်သူ





သူမတူတဲ့ ပြကွက်ဆန်းတွေနဲ့ 

ငါ့ရင်ထဲကို

သက်တန့်တစ်စင်း

နင်ထည့်သွင်းပေးခဲ့တယ်။ 


နင့်ပြကွက်တွေ

တစ်ကွက်ပြီး တစ်ကွက်ထုတ်သုံး

အမြင့်ဆုံးကို ဘယ်တော့ရောက်လာမလဲ။ 


အရိုင်းဆန်တဲ့ ငါ့စိတ်ကို

အချစ်တုနဲ့ ညှို့ယူ

နင်က..

နူးညံ့ သိမ်မွေ့စေခဲ့တယ်။ 


နင်ဖန်ဆင်းထားတဲ

ဇာတ်ကွက်တွေထဲမှ

ငါဟာ...

နင့်ကြိုးဆွဲရာ

ကနေရတဲ့ ရုပ်သေးရုပ်ကလေးပါ။ 


ပြုံးရယ်နေတဲ့


နင့်မျက်ဝန်းတွေရဲ့ နောက်ကွယ်က

ရက်စက်ခြင်းတွေ

ငါမယုံနိုင်စရာ တွေ့ခဲ့ရပေမယ့်

ငါရင်မှာ နာကြင်ကြေကွဲခဲ့လည်း

နင်ပေးခဲ့တဲ့ အလွမ်းတွေကို

ငါ့ တစ်သက်တာလုံး

သိမ်းထားပါ့မယ်။





စောနန်းဒေဝီ
 





No comments:

Post a Comment