Monday 26 November 2012

ကိုကိုသို့



အချစ်ရေးမှာ အဆင်မပြေမှုတွေကြုံခဲ့ရင်လည်
စိတ်မညစ်ပါနဲ့ကိုကိုရယ်
ကိုကိုရင်ဖွင့်သမျှနားထောင်ပေးမည့်
ကိုကို့ညလေး ဟိုးနောက်က ခပ်ဝေးဝေးမှာ ရှိနေတယ်......
အခက်အခဲတွေကြုံခဲ့လည်း စိတ်မညစ်ပါနဲ့နော်
ရှေ့မှာ အောင်မြင်မှုတွေ စောင့်နေလို့
ပြီးတော့ ဒီအခက်အခဲတွေ ကိုကို ကျော်လွှားနိုင်မယ်လို့
ယုံကြည်တဲ့ ကိုကို့ညလေး ရှိနေတယ်......
ကတိမတည် သစ္စာမရှိတဲ့သူတွေ တွေ့လို့လည်း
စိတ်မပျက်ပါနဲ့ကိုကိုရယ်
သူတို့တွေအပေါ် ကိုကိုကောင်းခဲ့တာ
ယုံကြည်တဲ့ ကိုကို့ညလေး ရှိနေတယ်
ရှေ့ရေးကို မျှော်တွေးလို့ ရင်မောနေသလားကိုကို
အမောပြေပြုံးပြရင်း အားပေးမယ့်
ကိုကို့ညလေး ရှိနေတယ်လေ....
ကိုကို တစ်ယောက်တည်းလို့ ဘယ်တော့မှမတွေးပါနဲ့ကိုကို
တစ်ခါတစ်လေ ဝမ်းနည်းလို့
ငိုချင်ခဲ့ရင်လည်း ကိုကို့ခေါင်းတင်မှီထားဖို့
ညလေး ပခုံးတစ်ဖက်ရှိနေတယ်...

စောနန်းဒေဝီ


No comments:

Post a Comment