Monday 26 November 2012

ဖေဖေသို့ အလွမ်း



ဖေဖေဖောက်ပေးခဲ့တဲ့လမ်းမှာ
ဖေ့သမီး
ဆက်လျှောက်နေပါတယ်ဖေ။
ဖေဖေ သင်ပြခဲ့တဲ့
လူမှုဆက်ဆံရေးတွေ
ပြန်အောက်မေ့လို့
ကလေးဆန်တဲ့
ဖေ့သမီး
အခုတော့ လူကြီးလုပ်နေပြီဖေ။
ဖေဖေတွေးပြခဲ့ဖူးတဲ့
အတွေးအခေါ်တွေကြားမှာ
ကြိုးစားရှင်သန်လို့
ဖေ့သမီး
အခုတော့
အသားကျစပြုပါပြီဖေ။
ဖေဖေ
ဖေ့လိုပဲလမ်းသစ်တွေ ထွင်လျှောက်နိုင်ဖို့
ဖေ့လိုပဲ ရင့်ကျက်ဖို့
ဖေ့လိုပဲ ဝေဖန်ပိုင်းခြားနိုင်ဖို့တွေ
အများကြီးလိုအပ်နေပေမယ့်
ဖေ့ခြေရာနင်းနီုင်ဖို့
ဖေ့သမီး
ကြိုးစားနေပါတယ်ဖေ။
ဖေဖေ
ဖေ့သမီးရဲ့ ပြောဆိုတာတွေ
ဖေ့သမီးရဲံ ပြုမူတာတွေကို
တုသိတာနတ်ပြည်မှ
သမီးရဲံဖေဖေ
မြင်နိုင်ကြားနိုင်ကျေနပ်နိုင်ပါစေ။

11.4.2007တွင်ကွယ်လွန်သွားသော ဖေဖေသို့ သတိတရဖြင့်


စောနန်းဒေဝီ

No comments:

Post a Comment