Monday 26 November 2012

ဘာကြောင့်လဲ (၂)

ဝမ်းနည်းစရာ မဟုတ်လည်းပဲ
တစ်ခုခုဆို
မျက်ရည်ဝဲမိတယ်..
ပျော်ပျော်နေတတ်တဲ့ ငါ
ပျက်လုံးတွေ ဟာသတွေ
ကြားရမြင်ရတာကို
မရီနိုင် မပြုံးနိုင် ဖြစ်လို့
ငါမကြိုက်တဲ့
အဝါရောင်လည်း
ငါ့မျက်ဝန်းမှာ
လှပလာတယ်....
တစ်ခုခုကို
အပြေးအလွှားလိုက်ရှာမိရင်း
ကယောင်ခြောက်ခြား
လန့်နိုးရတဲ့
အိပ်မက်ဆိုးတွေလည်း မက်တယ်...
ငါ နားထောင်နေကြ
သီချင်းတွေလည်း
နားဝင်မချိုဖြစ်ကာ
ငါ့ အကြိုက်ဆုံး
အစားအစာတွေလည်း
အရသာမရှိဖြစ်လို့
ငါ
အိပ်မပျော်တဲ့
ညဥ့်နက်နက်မှာ
တစ်ယောက်သော သူ့ကို
လွမ်းဆွတ်မိတယ်။  ။

ခင်မင်လေးစားရပါသော
စောနန်းဒေဝီ
sawnandeawi@gmail.com

No comments:

Post a Comment