Monday 26 November 2012

ဘာကြောင့်လဲ....???


သူ့ရယ်သံလေး မကြားရရင်
ရင်ထဲမှာ ဟာတာတာဖြစ်တာ
ဘာကြောင့်လဲ......

သူပြောတဲ့ ဟာသလေးတွေ
ပြန်တွေးရင်း ပြုံးမိတတ်တာ
 ဘာကြောင့်လဲ......

သူဆိုပြတဲ့ သီချင်းသံ ခပ်တိုးတိုးကို
လွမ်းဆွတ်တတ်တာ
ဘာကြောင့်လဲ......

သူပေးတဲ့ လက်ဆောင်လေးကို
အခါခါ ဖွင့်ကြည့်ရင်း ကြည်နူးမိတတ်တာ
ဘာကြောင့်လဲ......

သူ့ဘက်က အသံတွေ
တိတ်ဆိတ်နေတဲ့ရက်တွေဆို
အိပ်မပျော်ဖြစ်တတ်တာ
ဘာကြောင့်လဲ......

သူ့အကြောင်းတွေးရင်း
ကဗျာတွေ ရေးမိတတ်တာကရော
ဘာကြောင့်များလဲ......

စောနန်းဒေဝီ

No comments:

Post a Comment